ဘာကြောင့် SHOPAWAY ကို ရွေးချယ်သင့်လဲ

ShopAway သည် လူအများ ကမ္ဘာတစ်ဝှမ်းမှ ကုန်ပစ္စည်းများ ဝယ်ယူရာတွင် လျင်မြန်ပြီး ယုံကြည်စိတ်ချရသည့်အပြင် အခက်အခဲမရှိ သယ်ယူပို့ဆောင်ခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။ ဒါတင်မက၊ ကျွန်ုပ်တို့တွင် အခြား ကမ်းလှမ်းချက်များလည်း ရှိပါသေးသည်။

ShopAway က စင်္ကာပူ၊ သြစတေးလျ e-commerce ဝက်ဘ်ဆိုဒ်များနှင့် အွန်လိုင်းစတိုးများမှ ကုန်ပစ္စည်းများ ဝယ်ယူလိုသော ဈေးဝယ်ယူသူများအတွက် အကောင်းဆုံး အွန်လိုင်းဈေးဝယ်ယူမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် အခက်အခဲမရှိသော ပို့ဆောင်မှုအတွက် အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများလည်း လုပ်ဆောင်ပေးလျက်ရှိပါသည်။

သင်ကြိုက်နှစ်သက်သည့် အွန်လိုင်းစတိုးများ (e-stores) မှ စိတ်ကြိုက် ဝယ်ယူလိုက်ပါ။ ဈေးဝယ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များ အဆင်ပြေစေရန်အတွက် သင့်ကို ကျွန်ုပ်တို့၏ အဖွဲ့ဝင်များမှ ကူညီပေးပါမည်။ ထို့ပြင် ရင်ခုန်စိတ်လှုပ်ရှားစရာ လျှော့ဈေး အမျိုးမျိုးကိုလည်း ခံစားလိုက်ပါ။

ဘာကြောင့် ဈေးဝယ်သူများက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုတာလဲ

အသေးစိတ် ဂရုစိုက်မှုနှင့် စနစ်တကျ သေသပ်သော ထုပ်ပိုးမှုပုံစံ

ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများက သင့်ထံသို့ ပစ္စည်းများ မပို့ဆောင်ခင် လုံခြုံမှုရှိစွာ အပြည့်အဝ ထုပ်ပိုးထားခြင်း ရှိ/မရှိ အထုပ်တစ်ခုချင်းစီတိုင်းကို သေချာစွာ စစ်ဆေးပါသည်။ ထို့ပြင် သယ်ယူပို့ဆောင်ရာတွင် နှုန်းထားများ ပိုမိုသက်သာမှုရှိဖို့အတွက် အပိုထုပ်ပိုးမှုများကို ဖယ်ရှားကာ ကျစ်ကျစ်လစ်လစ်ဖြစ်စေရန် ပြန်လည်ထုပ်ပိုးပါသည်။

အလျင်မြန်ဆုံး သယ်ယူပို့ဆောင်မှု

ကျွန်ုပ်တို့သည် ထောင်ပေါင်းများစွာသော အထုပ်အပိုးများကို နေ့စဉ် သယ်ယူပို့ဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်ရေးစနစ်ကို ဈေးဝယ်ယူသူများအတွက် စိတ်ချယုံကြည် လုံခြုံမှုရှိပြီး အမြန်ဆုံး သယ်ယူပို့ဆောင်ရေး အတွေ့အကြုံရရှိစေရန် လုပ်ဆောင်ထားပါသည်။ အထုပ်အပိုးများ သေချာမှန်ကန်စွာ စီစဉ်ထားရှိရန်နှင့် သင့်ထံ အမြန်ဆုံး ရောက်ရှိဖို့အတွက် ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများက အထုပ်အပိုးများ၏ အတိုင်းအတာ၊ အလေးချိန်နှင့် လိပ်စာတို့ကို သေချာစွာ စစ်ဆေးပါသည်။

ဝယ်ယူသူများလိုအပ်ချိန်တိုင်း တက်ကြွရင်းနှီးစွာ အသင့်ရှိနေမည့် အဖွဲ့ဝင်များ

ဖော်ရွေပြီး တက်ကြွသော customer care team က ဝယ်ယူသူများ၏ မေးခွန်းများနှင့် အခက်အခဲများကို မြန်ဆန်စွာ ဖြေကြားပေးရန် အသင့်ပါ။ သင့်အနေဖြင့် ထုပ်ပိုးမှုနှင့် ပတ်သက်သည့် မေးခွန်းများ ဖြစ်စေ (သို့) တစ်ခြားမေးခွန်းဖြစ်စေ မေးမြန်းပါက ကျွန်ုပ်တို့၏ ကျွမ်းကျင်သူ customer care executives များက အကောင်းဆုံး ဖြေရှင်းပေးပါလိမ့်မည်။ 

ဈေးဝယ် အကျိုးခံစားခွင့်များ

ShopAway သည် နိုင်ငံတကာ ဈေးဝယ်ယူသူများအတွက် ပိုမို လွယ်ကူသော ဈေးဝယ်ယူမှုများ ဖန်တီးပေးပါသည်။ အခုဆို သင်ကြိုက်နှစ်သက်သည့် အွန်လိုင်းစတိုး၊ ဝက်ဘ်ဆိုဒ်များမှ သင့်စိတ်ကြိုက် ဝယ်ယူရရှိနိုင်ပါပြီ။ ဒီနေ့ပဲ ထိပ်တန်း ကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အထူးလျှော့ဈေးများနှင့် ကမ်းလှမ်းမှုများကို ရယူလိုက်ပါ။ 

ကုန်ပစ္စည်းများ ပြန်လည်ပေးအပ်ရာတွင် ကူညီခြင်း

ကျွန်ုပ်တို့သည် အွန်လိုင်းဝယ်ယူမှုကို ကူညီပံ့ပိုးပေးရုံသာမက ဈေးဝယ်ယူသူများ၏ တောင်းဆိုချက်အပေါ် မူတည်၍ ကုန်ပစ္စည်းများ ပျက်စီးနေခြင်း (သို့) အရွယ်အစားနှင့် အရောင်များမှားခြင်းများ ရှိပါက ပြန်လည်ပေးအပ်မည်ဆိုလျှင် ကူညီဆောင်ရွက်ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့် အပူအပင်မရှိ ဈေးဝယ်ယူလိုက်ပါ။

ဈေးနှုန်းသက်သာသော သယ်ယူပို့ဆောင်ရေးနှုန်းထားများ

ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို ဈေးနှုန်းသက်သာစွာဖြင့် ပို့ဆောင်ပေးနိုင်ရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။ ထို့ပြင် ShopAway အဖွဲ့ဝင်များ အဆင်ပြေသည့် ငွေပမာဏနှင့် လိုအပ်ချက်များအပေါ် မူတည်၍ မိမိနှင့် ကိုက်ညီသော သယ်ယူပို့ဆောင်ရေးနည်းလမ်းကို ရွေးချယ်နိုင်စေရန် လုပ်ဆောင်ပေးထားပါသည်။ 

မှန်ကန်အာမခံနိုင်သည့် ဈေးနှုန်း

အံ့သြစရာ (သို့) ဖျောက်ထားသည့် ကုန်ကျစရိတ်များ မရှိပါ။ သယ်ယူပို့ဆောင်ရေးနှုန်းထားသည် အထုပ်အပိုး၏ အလေးချိန်ပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် ShopAway သည် နိုင်ငံတကာ သယ်ယူပို့ဆောင်မှုများတွင် ဈေးဝယ်ယူသူများအတွက် ကုန်ကျစရိတ် ပိုမိုသက်သာစေပါသည်။

လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းသိုလှောင်ရုံ

သင်၏ အဖိုးတန် ဝယ်ယူမှုများက ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးပါ။ ထို့ကြောင့် အထုပ်အပိုးများအား သေချာစွာ စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်ပါသည်။

နာမည်ကြီး ကုန်အမှတ်တံဆိပ်များမှ ဝယ်ယူခြင်း

ShopAway သည် အွန်လိုင်းမှ နာမည်ကြီး ကုန်အမှတ်တံဆိပ်မျိုးစုံကို ဝယ်ယူရရှိနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။ သင် ကြိုက်နှစ်သက်သည့်အချိန်တွင် အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ပြီး ဝယ်ယူသည့် အထုပ်အပိုးများ၏ နှုန်းထား ပိုမို သက်သာစေရန် ကူညီပေးပါသည်။ ထို့ပြင် Lazada, Shopee, Zalora, Amazon စသည်တို့မှလည်း ဝယ်ယူရရှိနိုင်ပါသည်။ 

ShopAway Virtual လိပ်စာ

ShopAway သည် နိုင်ငံတကာ ဈေးဝယ်ယူသူများ အွန်လိုင်းမှ ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် virtual လိပ်စာကို ထားရှိပေးထားပါသည်။ ထိုအခါ စတိုးဆိုင်မျိုးစုံမှ ကုန်အမှတ်တံဆိပ်မျိုးကို ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး သင့်အနေဖြင့် သင်လိုချင်တဲ့ ပစ္စည်းများ ရွေးချယ်ဝယ်ယူနေစဉ်အတွင်း virtual လိပ်စာကိုအသုံးပြုလိုက်ရုံပါပဲ။