ကျွန်ုပ်တို့ အကြောင်း

ShopAway အကြောင်း

ShopAway သည် မြန်မာနိုင်ငံမှ ပြည်သူများ၏ နိုင်ငံတကာ ဈေးဝယ်ယူမှုနှင့် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို တစ်နေရာတည်းတွင် ဖြည့်ဆည်းပေးနိုင်သည့် ပြီးပြည့်စုံသော one-stop ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ဈေးဝယ်ယူသူများအနေဖြင့် စင်္ကာပူနှင့် သြစတေးလျနိုင်ငံမှ စတိုးများ အပါအဝင် ကမ္ဘာတစ်ဝှမ်း ယုံကြည်စိတ်ချရသော စတိုးအမျိုးအစားများစွာမှ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်နှင့် အခြားလူသုံးကုန်များ အစရှိသည့် ကုန်ပစ္စည်းများစွာကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရန် ကျွန်ုပ်တို့က ကူညီပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့သည် ဈေးဝယ်ယူသူများအား အကောင်းဆုံး အွန်လိုင်းဈေးဝယ်ယူမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် ကျွန်ုပ်တို့၏ Virtual လိပ်စာကို ထားရှိပေးထားသည့်အပြင် သယ်ယူပို့ဆောင်ရေး ကိုလည်း သင့်တင့်သော ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

မြန်မာနိုင်ငံရှိ ဈေးဝယ်ယူသူများ၏ အွန်လိုင်းဈေးဝယ်ယူမှု အကန့်အသတ်ကို ပျောက်ကွယ်သွားစေရန်နှင့် ရွေးချယ်မှုများစွာဖြင့် အွန်လိုင်းမှ စိတ်ကြိုက်ဈေးဝယ်ယူနိုင်ပြီး စိတ်ကျေနပ်မှုရရှိဖို့အတွက် ရည်ရွယ်ကာ ဒစ်ဂျစ်တယ် ဈေးဝယ်ယူနေရာကို ဖန်တီးပေးခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ ယုံကြည်ထားသည့် လုပ်ဆောင်ချက်များ

မြန်မာနိုင်ငံအတွင်းရှိ ကျွန်ုပ်တို့၏ ဈေးဝယ်ယူသူများအား အဆင်ပြေချောမွေ့မှု အရှိဆုံးနှင့် ဈေးနှုန်းသင့်တင့်သော အွန်လိုင်း ဈေးဝယ်ယူမှုအတွေ့အကြုံ၊ ယုံကြည်မှုကို အခြေခံသည့် ရေရှည်လက်တွဲမှု၊ ထိရောက်ပြီး ဈေးဝယ်ယူသူ ဦးစားပေးစနစ် စသည်တို့ကို ပေးစွမ်းနိုင်ဖို့ အစဉ် လုပ်ဆောင်လျက်ရှိပါသည်။

ShopAway ၏ အလုပ်လုပ်ပုံ 

ဈေးဝယ်ယူသူများအနေဖြင့် ShopAway Membership တွင် နှစ်စဉ် အဖွဲ့ဝင်ထားပါက Virtual လိပ်စာ အပါအဝင် စင်္ကာပူ၊ သြစတေးလျ အစရှိသည့် ကမ္ဘာတစ်ဝှမ်းမှ ကုန်ပစ္စည်းများကို ဝယ်ယူသောအခါ လိုအပ်သည့် ဆက်သွယ်ရန် သတင်းအချက်အလက်များ ရရှိပါမည်။ သင်မှာယူထားသည့် ကုန်ပစ္စည်းများ ကွျန်ုပ်တို့ သိုလှောင်ရုံသို့ ရောက်ရှိသည့်အခါ ကျွန်ုပ်တို့က သင့်အိမ်တံခါးဝအရောက် ပို့ဆောင်ပေးပါမည်။ ထို့အတွက် ပို့ပေးရသည့် အထုပ်အပိုးအလေးချိန်ပေါ် မူတည်၍ ကျသင့်ငွေအချို့ ရှိပါသည်။ သင့်အနေဖြင့် စိတ်ချရပြီး မြန်ဆန်သည့် ပို့ဆောင်ရေးဝန်ဆောင်မှုကို ရရှိမည်သာမက အွန်လိုင်းဝက်ဘ်ဆိုဒ်များမှ ဝယ်ယူခြင်းအတွက် ရာသီအလိုက် လျှော့ဈေးများနှင့် အခြားသော အကျိုးခံစားခွင့်များ ခံစားရရှိပါလိမ့်မည်။ 

ShopAway Membership ၏ အကျိုးခံစားခွင့်များ

ဈေးဝယ်ယူသူများအနေဖြင့် ShopAway Membership တွင် စာရင်းသွင်းထားခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

  • သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ လျှော့ဈေး
  • ရက် ၃၀ အခမဲ့ ကုန်ပစ္စည်း သိုလှောင်နိုင်ခြင်း
  • အခမဲ့ ကုန်ပစ္စည်း အထုပ်အပိုးများ စုစည်းပေးခြင်းနှင့် ပြန်လည် ထုပ်ပိုးပေးခြင်း
  • အဆင်ပြေသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ရွေးချယ်နိုင်ခြင်း