အမေးများဆုံး မေးခွန်းများ

အမေးများဆုံး မေးခွန်းများ

ShopAway က ဘယ်လိုအလုပ်လုပ်လဲ

ShopAway က စင်္ကာပူ အွန်လိုင်းစတိုးများ၊ e-commerce ဝက်ဘ်ဆိုဒ်များ စသည်တို့တွင် ဝယ်ယူသည့်အခါ အသုံးပြုနိုင်မည့် စင်္ကာပူ သယ်ယူပို့ဆောင်ရေးလိပ်စာကို နိုင်ငံတကာဈေးဝယ်ယူသူများထံ ပေးထားပါမည်။ သင်ဝယ်ယူထားသည့် စတိုးများမှ ကုန်ပစ္စည်းများ ရောက်ရှိသောအခါ ကျွန်ုပ်တို့က သင်၏ အိမ်တံခါးဝသို့ အရောက်ပို့ဆောင်ပေးပါမည်။ ထို့ကြောင့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးများတွင် သင့်အနေဖြင့် ကုန်ကျစရိတ် ပိုမို သက်သာမည် ဖြစ်ပါသည်။

ShopAway အဖွဲ့ဝင်ဆိုင်ရာ ပုဂ္ဂိုလ်ရေးနှင့် လုံခြုံရေးမူဝါဒများအကြောင်း ပြောပြပါ။

သင်၏လုံခြုံရေးနဲ့ ပတ်သက်တဲ့ စိတ်ပူပန်မှုအတွက် ကျွန်ုပ်တို့က အပြည့်အဝ နားလည်ပါသည်။ သင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ လုံခြုံစိတ်ချရဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်မှုသည် ကျွန်ုပ်တို့၏ ပဏာမဦးစားပေး ဖြစ်ပါသည်။ ထို့ကြောင့် သင်၏ အချက်အလက်များကို အခြားသူများထံ မျှဝေခြင်း၊ ရောင်းခြင်းနှင့် ပေးခြင်းများ လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။

Membership ကို ရပ်တံ့လိုက်ခြင်းအတွက် ပြန်အမ်းငေွ ပြန်လည်ရရှိပါသလား။

စိတ်မကောင်းစွာဖြင့် Membership ကို ရပ်တံ့လိုက်သည့် မည်သည့်အဖွဲ့ဝင်မဆို ပြန်အမ်းငွေ မရရှိနိုင်ပါ။

အကောင့် (Account) ကို မိသားစု၊ သူငယ်ချင်းများနှင့် မျှဝေ သုံးစွဲနိုင်ပါသလား။

စိတ်မကောင်းစွာဖြင့် Membership သည် စာရင်းသွင်းထားသည့် တစ်ဦးတစ်ယောက်အတွက်သာ အသုံးပြုခွင့် ရှိပါသည်။

ShopAway က ကျွန်တော်/ ကျွန်မရဲ့ အထုပ်ကို ဖွင့်ဖောက်ပါသလား။

ဟုတ်ကဲ့၊ ShopAway သည် အထုပ်တစ်ထုပ်ချင်းစီတိုင်းကို လိုအပ်ပါက ဖွင့်ဖောက်စစ်ဆးမှုများ ပြုလုပ်ပါသည်။

ဝယ်ယူထားသည့် ဝန်ဆောင်မှုအားလုံးကို သက်တမ်းမကုန်မီ အသုံးပြုခဲ့လျှင် ဝန်ဆောင်မှုအသစ် ထပ်မံ ဝယ်ယူဖို့ လိုအပ်ပါသလား။

ဟုတ်ကဲ့၊ သင့်အနေဖြင့် စင်္ကာပူ သယ်ယူပို့ဆောင်ရေးလိပ်စာကို အသုံးပြုလိုပါက အဖွဲ့ဝင်အသစ် ဝန်ဆောင်မှုကို ထပ်မံ ဝယ်ယူရန် လိုအပ်ပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် နားလည်သိရှိလိုပါက သင့်အနေဖြင့် info@theshopaway.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မှာယူမှုနှင့်ပို့ဆောင်မှု

ကျွန်တော်/ ကျွန်မတို့ရဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို ဘယ်လိုတွက်ချက်နိုင်မလဲ။

သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သည် အထုပ်အပိုး၏ အမှန်တကယ် အလေးချိန် (သို့) အလေးချိန် အတိုင်းအတာပေါ်တွင် မူတည်၍ ကျသင့်မည် ဖြစ်ပါသည်။ အသေးစိတ် ပိုမို သိရှိစေရန် info@theshopaway.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျွန်တော် ကျွန်တော်/ကျွန်မတို့ရဲ့ အထုပ်အပိုးက ပုံမှန်အရွယ်အစားထက် ကြီးမားနေခဲ့မယ်ဆိုလျှင် ဘယ်လိုသိရှိနိုင်မလဲ။

ShopAway သည် အထုပ်အပိုးတစ်ခုကို အလေးချိန် ၃၀ ကီလိုဂရမ် (သို့) အတိုင်းအတာ ၁၂၀ စင်တီမီတာ/ ၄၇ လက်မ ထက် ပိုနေခဲ့လျှင် ပုံမှန်အရွယ်အစားထက် ကြီးမားနေသည်ဟု သတ်မှတ်ပါသည်။ ထို့ပြင် သင့်အနေဖြင့် သယ်ယူပို့ဆောင်စရိတ်နှင့်တကွ ပိုလျှံနေသည့် အရွယ်အစား အတိအကျအတိုင်းသာ ငေွပမာဏ ထပ်မံပေးအပ်ဖို့ လိုအပ်ပါသည်။ အသေးစိတ် ပိုမို သိရှိစေရန် info@theshopaway.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျွန်တော်/ ကျွန်မရဲ့ အထုပ်အပိုးကို ပို့ဆောင်ပေးရန် အချိန်ဘယ်လောက်ကြာသလဲ။

ပုံမှန်အားဖြင့် သင့်၏ အထုပ်အပိုးကို ၂ ပတ်မှ ၄ ပတ်အတွင်း ပို့ဆောင်ပေးပါသည်။ သင့် အော်ဒါလမ်းကြောင်းကို သိရှိစေရန် ShopAway ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျွန်တော်/ ကျွန်မ ဝယ်ယူထားသော ပစ္စည်းကို ပြန်လည် ပေးအပ်မှုများ ပြုလုပ်နိုင်ပါသလား။

ဟုတ်ကဲ့၊ သင်ဝယ်ယူထားသည့် ပစ္စည်းများကို ပြန်လည်ပေးအပ်နိုင်ပါသည်။ သင့်အနေဖြင့် ပြန်လည်ပေးအပ်မှုများ ပြုလုပ်လိုလျှင် သင်ဝယ်ယူခဲ့သည့် စတိုးများ/ ရောင်းချသူများနှင့် ဆက်သွယ်လိုက်ရုံပါပဲ။ သို့ပေမဲ့ ပြန်လည်ပေးအပ်သည့် သယ်ယူကုန်ကျစရိတ်ကို ShopAway က တာဝန်ယူမည် မဟုတ်သော်လည်း ပစ္စည်းများ ပြန်လည်ပေးအပ်သည့်အခါ ကျွန်ုပ်တို့မှ ကူညီပေးအပ်ပေးမည် ဖြစ်ပါသည်။ အသေးစိတ် ပိုမို သိရှိစေရန် info@theshopaway.com ကို အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ShopAway က ကျွန်တော်/ ကျွန်မတို့ရဲ့အထုပ်ကို ဖွင့်ဖောက်ပါသလား။

ဟုတ်ကဲ့၊ ShopAway သည် အထုပ်တစ်ထုပ်ချင်းစီတိုင်းကို လိုအပ်ပါက ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ပါသည်။

ShopAway က အထုပ်အပိုး သိုလှောင်မှုအတွက် ကျသင့်ငွေများ ကောက်ခံပါသလား။

Business နှင့် Premium အဖွဲ့ဝင်များအတွက် အခမဲ့ အထုပ်အပိုး သိုလှောင်မှုများ ရှိပါသည်။ သို့သော် အခမဲ့ သိုလှောင်မှု သတ်မှတ်ရက်ကျော်သွားသည့် အထုပ်အပိုးများအားလုံးအတွက် အောက်ဖော်ပြပါ သိုလှောင်မှု ကုန်ကျစရိတ် ကျသင့်မည် ဖြစ်ပါသည်။ အဆိုပါ ကျသင့်ငွေများသည် သင်၏ အထုပ်အပိုးကို မပို့ဆောင်ခင် ကာလထိ ဖြစ်ပါသည်။

PREMIUMPREMIUM PLUS
သိုလေှာင်ထားရှိသည့်ရက်ပုံမှန်ထက် ကြီးမားသော အရွယ်အစားပုံမှန်အရွယ်အစားပုံမှန်ထက် ကြီးမားသော အရွယ်အစားပုံမှန်အရွယ်အစား
၁ ရက်မှ ၁၄ ရက်အခမဲ့အခမဲ့အခမဲ့အခမဲ့
၁၅ ရက်မှ ၃၀ ရက်၁.၅ ဒေါ်လာ/ရက်၁ ဒေါ်လာ/ရက်အခမဲ့အခမဲ့
၃၁ ရက်မှ ၆၀ ရက်၃ ဒေါ်လာ/ရက်၂ ဒေါ်လာ/ရက်၁.၅ ဒေါ်လာ/ရက်၁ ဒေါ်လာ/ရက်
၆၁ ရက်မှ ၉၀ ရက်၃ ဒေါ်လာ/ရက်၂ ဒေါ်လာ/ရက်၃ ဒေါ်လာ/ရက်၂ ဒေါ်လာ/ရက်

အပူချိန် ထိန်းချုပ်ပေးသည့် ဝန်ဆောင်မှု ပါဝင်ပါသလား။

စိတ်မကောင်းစွာဖြင့် လတ်တလောကာလတွင် ShopAway နှင့် ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများသည် အပူချိန် ထိန်းချုပ်ပေးသည့် ဝန်ဆောင်မှုကို မလုပ်ဆောင်ပါ။

ကျွန်တော်/ ကျွန်မရဲ့ အနေဖြင့် မတူညီတဲ့ နိုင်ငံက ကုန်ပစ္စည်းများ ဝယ်ယူနိုင်ပါသလား။

ဟုတ်ကဲ့၊ သင့်အနေဖြင့် အခြားနိုင်ငံက ကုန်ပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ ထိုသို့ ဝယ်ယူနိုင်ရန်အတွက် နိုင်ငံတကာ ဈေးဝယ်ယူသူများအားလုံးကို ShopAway က အခြားနိုင်ငံများ၏ အွန်လိုင်းစတိုးများမှ ကုန်ပစ္စည်းများ ဝယ်ယူသောအခါ အသုံးပြုနိုင်မည့် စင်္ကာပူ သယ်ယူပို့ဆောင်ရေး လိပ်စာကို ပေးအပ်ထားမည် ဖြစ်ပါသည်။

ShopAway က အခြား ဝန်ဆောင်မှုတွေ ပေးအပ်ပါသလား။

ဟုတ်ကဲ့၊ ShopAway က အောက်တွင် ဖော်ပြထားသည့် ဝန်ဆောင်မှုများ ထပ်မံ ပေးအပ်လျက်ရှိပါသည်။

  • ကုန်ပစ္စည်းများ ပြန်လည် ထုပ်ပိုးပေးခြင်း
  • အကောက်ခွန်ဆိုင်ရာ တာဝန်များကို တာဝန်ယူ လုပ်ဆောင်ပေးခြင်း
  • ကုန်ပစ္စည်းများကို ကျစ်လစ်စွာ တစ်စုတစ်စည်းတည်း ထုပ်ပိုးပေးခြင်း

ShopAway က အခြား လုပ်ငန်းတူဝန်ဆောင်မှုများနှင့် ဘယ်အချက်များ ကွာခြားပါသလဲ။

ShopAway သည် နိုင်ငံတကာ ဈေးဝယ်ယူသူများအနေဖြင့် အွန်လိုင်းစတိုးမျိုးစုံမှ စိတ်ကြိုက် ဈေးဝယ်ယူနိုင်သည့် အယုံကြည်ရဆုံး ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ ဒါတင်မက၊ ShopAway က မြန်မာနိုင်ငံတစ်ဝှမ်းမှ ဈေးဝယ်ယူသူများအတွက် အခြား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများထက် စိတ်ကျေနပ်မှု ပိုမို ပေးစွမ်းနိုင်သည့် ဝန်ဆောင်မှု ဖြစ်ပါသည်။

ကျွန်တော်/ ကျွန်မအတွက် ShopAway က ဈေးဝယ်ယူမှုများ ပြုလုပ်ပေးပါသလား။

ဟုတ်ကဲ့၊ ထို့အတွက် ဈေးဝယ်ယူသူများအနေဖြင့် ShopAway ၏ Personal Shopper Service ကို အသုံးပြုနိုင်ပါသည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ပိုမို သိရှိလိုပါက info@theshopaway.com မှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။